1 တိတု၊သင်သည်မှန်ကန်သင့်တော်သောအယူဝါဒများကိုသာဟောပြောသင်ကြားရမည်။ 2 အသက်ကြီးသူများအားသမ္မာသတိရှိရန်၊မိမိ ကိုယ်ကို သိက္ခာစောင့်ထိန်းနိုင်ရန်၊ ပညာဖြင့်ဆင်ခြင်တတ်စေရန် တိုက်တွန်းပါ။ ဘုရားရှင်အပေါ်မြဲမြံစွာ ယုံကြည်ရန်၊အခြားသူများအပေါ်မေတ္တာတရားထားရန်၊ စိတ်ရှည်သည်းခံရန်ညွှန်ကြားပါ။ 3 အသက်အရွယ်ကြီးရင့်သူအမျိုးသမီးများအား ဘုရားတရားကြည်ညိုရန်သွန်သင်ပါ။ သူတို့အားတစ်ပါးသောသူများ၏အတင်းအဖျင်းမပြောပါစေနှင့်။အရက်၏ ကျေး ကျွန်များမဖြစ်ပါစေနှင့် ။ 4 သို့မှသာ ထိုအမျိုးသမီးကြီး တို့သည် အသက်အရွယ်ငယ်ရွယ်သူအမျိုးသမီးများအား အိမ်ထောင်ရှင်မကောင်းပီသအောင် လက်ဆင့်ကမ်းသင်ယူနိုင်သူဖြစ်လာကြမည်။ 5 ငယ်ရွယ်သူ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးစီတိုင်းသည် မိမိတို့၏မိသားစုကိုချစ်ခင်ကြင်နာသော အိမ်ထောင်ရှင်မကောင်းများဖြစ်လာကြမည်။ သူတို့၏ခင်ပွန်းကိုလည်းရိုသေလေးစားလာကြလိမ့်မည်။သို့မှသာ ဘုရားရှင်၏ နှုတ်ကပတ်တော်များကို ပုတ်ခတ်စော်ကားသူရှိလာမည်မဟုတ်ပေ။ 6 ထိုနည်းတူငယ်ရွယ်သူအမျိုးသားတို့အားအရာရာတိုင်းတွင် မိမိကိုယ်ကိုစောင့်ထိန်းရန်သွန်သင်ပါ။ 7 တစ်ခြားသူတို့၏ စံနမူနာပြ ဖြစ်စေရန်ကောင်းသောအကျင့်ကို အမြဲ တမ်းစောင့်ထိမ်းစေပါ။ သင်သူတို့အား သွန်သင်ဆုံးမသည့်အခါသိက္ခာသမာဓိ၊ရှိရှိ ဆုံးမသွန်သင်ပါ။ 8 လူများအားသွန်သင်ဆုံးမသည့်အခါမည်သူမျှဝေဖန်မှုမပြုနိုင်အောင်မှန်ကန်သောတရားတော်များကိုသာအသုံးပြုပါ ။ ဤသို့ဖြင့် မည်သူမျှသင့်အားအရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြု၍ရမည်မဟုတ်။အဘယ်ကြောင့်ဆိုသော်သူတို့တွင်ကျွန်ုပ်တို့အားပြစ်တင်စရာစကားမရှိကြသောကြောင့်ဖြစ်လေသည်။ 9 အစေခံတို့သည် သူတို့၏သခင်အလိုရှိသည့်အတိုင်း အမြဲတမ်းလိုက်နာရမည်။ သူတို့၏သခင်အား စကားတုံ့ပြန်မပြောရ ။ 10 သခင်ပစ္စည်းအားမခိုးရ သူတို့သည် အရိုးသားဆုံးနှင့် ယုံကြည်ထိုက်သူများဖြစ်နေရမည်ဟုသွန်သင်ပါ ။သို့မှသာ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားအကြောင်းကို ဟောကြားသည့်အခါတွင် လူတို့၏ကြည်ညိုလေးစားမှုရရှိရန်ဤနည်းလမ်းတိုင်းဖြင့်ပြုလုပ်သင့်ပါသည်.။ 11 ဘုရားရှင်သည် လူသားအားလုံးအားကယ်တင်ရန်ကြွလာတော်မူပြီး ကျွန်ုပ်တို့အပေါ်တွင်မည်မျှ ကရုဏာတော်ထားကြောင်းကို ပြသတော်မူခဲ့သည်။ 12 ကျွန်ုပ်တို့သည်ဘုရားရှင်အားမရိုမသေမပြုရန်နှင့် လောကီကာမဂုဏ်များကိုစွန့်လွှတ်ရန်၊ ဤလောကကြီးတွင် ရိုးသားဖြောင့်မတ်စွာနှင့် သင့်တင့်လျှောက်ပတ်စွာနေထိုင်ရန် တရားတော်များကို ဟောကြားသွန်သင်တော်မူခဲ့ပါသည်။ 13 ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသောဘုရားရှင်နှင့်ကျွန်ုပ်တို့၏ ကယ်တင်ရှင်ခရစ်တော်ယေရှုဘုရား ပြန်လည်ကြွရောက် လာမည်ကိုကျွန်ုပ်တို့ မျှော်လင့်ချက်အပြည့်ဖြင့်စောင့်မျှော်လျှက်ရှိကြ၏။ 14 ပညတ်တော်များကိုကျွန်ုပ်တို့ချိုးဖောက်ခဲ့သမျှတို့အားကယ်တင်နိုင်ရန်နှင့်အပြစ်များသန့်စင်သွားစေရန်အတွက်ကိုယ်တော်ယေရှုသည်မိမိ၏အသက်ကိုပင် စွန့်လွှတ်တော်မူခဲ့လေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အားသူတန်ဖိုးထားသောလူများဖြစ်စေရန် အတွက်ကောင်းမှုများကိုသာစိတ်အားထက်သန်စွာပြုလုပ်စေလို၏။ 15 ဤတရားတော်များအား ဆုံးမသွန်သင်သောအခါတွင် သင့်၌ရှိသမျှသော စွမ်းရည်နှင့်အခွင့်အာဏာတို့ကို အသုံးပြုပါ။ မည်သူမျှသင့်အား လေးစားကြည်ညိုမှုမပျက်ပြားပါစေနှင့်။