1
အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊
2
စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
3
ထိုသို့အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
4
အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။
5
စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။
6
အာဗြံကလည်း၊ သင်၏ ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။
15 ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။ 16 အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။